၂၆ ဒီဇင်ဘာ

 

ခရစ္စမတ်ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် အင်အားပြင်းထန်သည့် ဖန်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သဘဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ အရာရှိများက ယနေ့တွင် ပြောကြားခဲ့သည်။

1

 

ဖန်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံသို့ အင်္ဂါနေ့နှောင်းပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တစ်နာရီလျှင် မိုင် ၁၂၀မှ မိုင် ၁၅၀ ကြား တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

လူပေါင်း ၅၈၀၀၀ ကျော်သည် မုန်တိုင်းမဖြစ်မီကတည်းက ၎င်းတို့၏ အိုးအိမ်များကို စွန့်ပစ်ထွက်ခွာသွားကြပြီး မုန်တိုင်းဖြစ်ပွားပြီးနောက် ၎င်းတို့၏ အိုးအိမ်များမှာ ပျက်စီးခဲ့ရသည်။ လူပေါင်း ၁၅၀၀၀ ခန့်မှာ ဆိပ်ကမ်းများတွင် သောင်တင်လျက်ရှိသည်။

မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံရသည့် ဒေသများတွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများလည်း  ပြတ်တောက်လျက်ရှိသည်။

2

 

လေယာဉ်ခရီးစဉ် အမြောက်အမြားများကိုလည်း ဖျက်သိမ်းခဲ့ရသည်။

ဖန်ဖွန်းမုန်တိုင်းသည် ဖိလစ်နိုင်ငံမှ ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဆုတ်ခွာသွားပြီးနောက် တောင်တရုတ်ပင်လယ်ပြင်သို့ ဆက်လက်ရွေ့လျားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ်ပျှမ်းမျှအားဖြင့် မုန်တိုင်း အလုံး ၂၀ ခန့် တိုက်ခတ်လျက်ရှိပြီး မကြာမီနှစ်များအတွင်း တိုက်ခတ်သည့် မုန်တိုင်းများသည် ပိုမိုပြင်းထန်လာလျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်