၂၆ ဒီဇင်ဘာ


တောင်ကိုရီးယားနိုင်ငံ တရားရေးဝန်ကြီးဟောင်း ချိုကွပ်အား ဖမ်းဆီးရန်အတွက် အမိန့်ထုတ်သင့် မထုတ်သင့် တောင်ကိုရီးယားနိုင်ငံရှိ တရားရုံးတစ်ရုံးက စတင်စဉ်းစားခဲ့သည်။


အဆိုပါ ရလဒ်ကို ယနေ့တွင် ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့်ရကြောင်း ဒေသန္တရမီဒီယာက ပြောကြားခဲ့သည်။ 

 

4


ဘူဆန်မြို့၏ ဒုတိယမြို့တော်ဝန်ဟောင်းဖြစ်သည့် ချိုကူအား လဘ်ပေးလဘ်ယူပြုလုပ်မှု၊ အာဏာအလွဲသုံးစားပြုလုပ်မှုတို့ဖြင့် တရားစွဲဆိုခဲ့ပြီး ချိုကူအား ဖမ်းဆီးရန် အစိုးရရှေ့နေများက တနင်္လာနေ့က အမိန့်ချမှတ်ခဲ့သည်။ 


စုံစမ်းစစ်ဆေးမှုကို တရားမဝင်ရပ်စဲလိုက်သည်ဟု သမ္မတရုံးက သံသယရှိခဲ့သည်။ 


ချိုသည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ကြီးကြပ်ရသည့် တောင်ကိုရီးယားသမ္မတရုံး ပြည်သူ့ရေးရာဌာန၏ အကြီးအကဲဖြစ်သည်။ 


တရားရုံးမှ အမှုအတွက် ကြားနာခြင်းသို့ မတက်ရောက်မီ  ချိုက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ 


ချိုက အစိုးရရှေ့နေများ၏ တင်သွင်းသည့် စာပါ အကြောင်းအရာများကို ၎င်းအနေဖြင့် သဘောမတူကြောင်းနှင့် ကြားနာမှုအတွက် မိမိ၏ ရပ်တည်ချက်ကို ရှင်းပြမည်ဖြစ်ကြောင်း ချိုက ပြောကြားခဲ့သည်။ 


ဉပဒေရေးရာ အခြေခံမှုအပေါ်မူတည်ပြီး ၎င်းအနေဖြင့် တရားစီရင်ခံရမည်ဟု မျှော်လင့်ကြောင်း ချိုက ထပ်မံပြောကြားခဲ့သည်။ 


ချိုဖမ်းဆီးခံခဲ့ရလျှင် သမ္မတမွန်ဂျေအင်း၏ အစိုးရအနေဖြင့် ထိုးနှက်ချက်တစ်ခုနှင့် ထပ်မံ ရင်ဆိုင်ရနိုင်သည်ဟု ဆိုသည်။


ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်