၃၀ ဒီဇင်ဘာ
ယမန်နေ့ညနှောင်းပိုင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတာပရာဒေ့ရှ်ပြည်နယ်ရှိ တူးမြောင်း တစ်ခုအတွင်းသို့ ယာဉ်တစ်စီး ထိုးကျခဲ့ရာ အရွယ်မရောက်သေးသူ နှစ်ဉီးအပါအဝင် ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မီဒီယာက ဖော်ပြထားသည်။
ဉတာပရာဒေ့ရှ်ပြည်နယ် ဂရိတ်တာ နိုဒါခရိုင်တွင် မြူခိုးများထူထပ်မှုကြောင့် ယာဉ်ဘီးချော်မှုဖြစ်ပွားကာ တူးမြောင်းတစ်ခုအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
လူ ၁၁ ဦးလိုက်ပါလာသော မာယူတီ အာတီဂါကားသည် ဒန်ကာဒေသရှိ ခါလီတူးမြောင်းထဲသို့ ထိုးကျခဲ့သည်။ ထိုယာဉ်ပေါ်ပါ ၁၁ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ငါးဦးမှာဆေးကုသမှုခံယူနေသော်လည်း ခြောက်ဦးမှာ သေဆုံးသွားကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာက ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံမြောင်ပိုင်းရှိ နေရာတော်တော်များများတွင် မြူခိုးများ ထူထပ်အုပ်ဆိုင်းကာ မှုန်ဝါးဝါး ဖြစ်နေသဖြင့် လေယာဉ်ခရီးစဉ်များနှင့် ရထားပြေးဆွဲမှုများ နှောင့်နှေးခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်တစ်ပတ်အတွင်း ဒေလီမြို့နှင့် အနီးနားဒေသများတွင် အပူချိန် ၂ ဒီဂရီစင်တီဂရိတ်အောက်ကျရောက်ခဲ့ရာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အအေးဆုံး ဒီဇင်ဘာလ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


