၃၀ ဒီဇင်ဘာ
ဟွန်ဒူးရပ်စ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပေါင်း ၁၁၅၀၀၀ အထက်ရှိပြီး ထိုရောဂါကြောင့် သေဆုံးသူ ၁၇၇ ဦးရှိကြောင်း ဒေသန္တရမီဒီယာက ယမန်နေ့က ဖော်ပြခဲ့သည်။
အကြီးမားဆုံးသော ကူးစက်ရောဂါကိုခံစားခဲ့ကြရသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရောဘတ်တို ကိုစန်ဇာက ပြောကြားခဲ့သည်။
လူနှစ်သောင်းကျော် ပြင်းထန်သောသွေးလွန်တုပ်ကွေးရောဂါ ခံစားနေရကြောင်း ဒုဝန်ကြီးက ထပ်လောင်းပြောဆိုခဲ့သည်။
ထိုဗိုင်းရပ်စ်ရောဂါသည် မကြာသေးမီနှစ်များအတွင်း လျင်မြန်စွာပျံ့နှံ့ခဲ့ပြီး အဓိကအားဖြင့် ဆင်တုပ်ကွေး၊ အသားဝါရောဂါ နှင့် ဇီကာရောဂါ ကူးစက်မှုများကို သယ်ဆောင်လာသော အေဒီးစ်ခြင်မှ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


