၃၁ ဒီဇင်ဘာ
ဂျပန်နိုင်ငံမြောက်ပိုင်း ဂျပန်ပင်လယ်ပြင်တွင် နှစ်သစ်ကူးအကြို ယနေ့မှစ၍ ရက်အနည်းငယ်ကြာသည့်တိုင်အောင် အလွန်ပြင်းထန်သောမုန်တိုင်း ကျရောက်လာနိုင်သည်ဟု မိုးလေဝသ တာဝန်ရှိသူများက သတိပေးပြောကြားထားသည်။
မိုးသီးကျြခင်း၊ လေဆင်နှာမောင်းအပါအဝင် လေပြင်းများတိုက်ခတ်ခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်နိုင်ဟု ဂျပန်မိုးလေဝသအေဂျင်စီ က ဆိုသည်။
ဂျပန်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်ကာ လေအေးထု စီးဝင်ကာ အမြင့် ၁၅၀၀ မီတာ၌ အနုတ် ၁၅ ဒီဂရီစင်တီဂရိတ်အောက်တွင် ရှိနိုင်ကြောင်းကိုလည်း ထိုအေဂျင်စီက သတိပေးပြောကြားထားသည်။
ဂျပန်နိုင်ငံမြောက်ပိုင်း ဂျပန်ပင်လယ်ပြင်ဘက်တွင် အလွန်ပြင်းထန်သော လေပြင်းတိုက်ခတ်မှုများနှင့်အတူ နှင်းမုန်တိုင်းများ ဖြစ်ပေါ်လာမည် ဟု ၎င်းတို့ကဆိုသည်။
တိုဟိုကူတွင် တစ်နာရီ ၁၀၈ ကီလိုမီတာဖြင့်လည်းကောင်း၊ ဟော့ကိုင်းဒိုးကျွန်းတွင် တစ်နာရီ ၁၂၆ ကီလိုမီတာဖြင့် လည်းကောင်း လေပြင်းတိုက်ခတ်မှု အမြင့်ဆုံးဖြင့် တိုက်ခတ်မည်ဟု ထင်ရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


