၂ ဇန်နဝါရီ

လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရတ်နိုင်ငံရှိ အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံး တိုက်ခိုက်မှုတို့ကို ယမန်နေ့က ပြစ်တင်ဝေဖန်ခဲ့သည်ဟု အမျိုးသားသတင်းအေဂျင်စီက ဖော်ပြထားသည်။

နိုင်ငံများအကြား သံတမန်ဆက်ဆံရေးအခြေခံမူများကို လိုက်နာခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားခြင်းတို့ဖြင့် အီရတ်နိုင်ငံ အေးဆေးတည်ငြိမ်မှုနှင့်လုံခြုံမှုအမြန်ဆုံးပြန်လည်ရရှိရန် ထိုဝန်ကြီးဌာနက  မျှော်လင့်ခဲ့သည်။

အမေရိကန်စစ်တပ်သည် အီရတ်နိုင်ငံရှိနေရာ ငါးနေရာကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အီရတ်ရှိ ဟဇ်ဘိုလာ လက်နက်ကိုင်အုပ်စုက ဆီးရီးယားကို ထိန်းချုပ်ခဲ့သည်။

အမေရိကန်လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေါသထွက်နေသော လူအုပ်စုကြီးသည် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို အင်္ဂါနေ့က တိုက်ခိုက်ခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို