၃ ဇန်နဝါရီ

 

အီရန်၊အီရန်ကျောထောက်နောက်ခံပြုထားသောတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ရန် စီစဉ်နေဖွယ်ရှိကြောင်းနှင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကြိုတင်ကာကွယ်မှု ပြုလုပ်ရန်လိုအပ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး  မက်အက်စ်ပါ က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

 

အီရန်ကကျောထောက်နောက်ခံပြုထား ဟဇ်ဘိုလာစစ်သွေးကြွများနှင့် ဆက်နွှယ်မှုရှိသည့် အီရတ်နှင့်ဆီးရီးယားရှိ နယ်မြေများအား အမေရိကန် က စစ်ဘက်ဆိုင်ရာ လေကြောင်းတိုက်ခိုက်မှုများကို ဒီဇင်ဘာလနှောင်းပိုင်းက ပြုလုပ်ခဲ့သည်။

 

အီရတ်နိုင်ငံတွင် အမေရိကန်စစ်သားများ ဒဏ်ရာရရှိကာ အမေရိကန်အရပ်သား တစ်ဦးသေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများကို တုံ့ပြန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ဟု အမေရိကန်က ဆိုသည်။

 

ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအား အကြမ်းဖက်ဆန္ဒပြမှုများသည် အင်္ဂါ နှင့် ဗုဒ္ဓဟူးနေ့များတွင် ဖြစ်ပွားခဲ့ပြီး ယင်းသံရုံးခြံဝင်း ပျက်စီးသွားခဲ့သည်။

 

အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၇၅၀ ခန့် စေလွှတ်မည်ဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင်အများအပြား ထပ်မံဖြန့်ကြက်ထားဖွယ်ရှိကြောင်း ဝါရှင်တန်က ပြီးခဲ့သည့်အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို