လွိုင်လင် ၆ ဇန်နဝါရီ

 

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ လွိုင်လင်-မိုင်းပွန်ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၁၆၅/၃) နှင့် (၁၆၅/၄)အကြားတွင် ယမန်နေ့ ညနေ ၄ နာရီခွဲ့ခန့်က (၁၂) ဘီးယာဉ်တစ်စီးသည် ဘရိတ်ပေါက်၍ တောင်အောက်သို့ ပြုတ်ကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

 

3

 

သတင်းရရှိသဖြင့် လွိုင်လင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေ(၂၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ကျား(၇)ဦးအနက် (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရတို့အား မေတ္တာခြုံလွှာ လူမှုကူညီရေးအသင်းနှင့် အဖြူရောင် လူငယ် ပရဟိတအသင်းတို့မှ လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း Myanmar Fire Services Department မှ သိရသည်။

 

01

 

MDN