၆ ဇန်နဝါရီ

 

အမေရိကန်ပြည်ထောင်စု ပင်ဆူဗားနီးယား ပြည်နယ်ရှိ အမြန်လမ်းမတွင် ယာဉ်အစုအပြုံလိုက် တိုက်မှု ဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

 

အဆိုပါ ယာဉ်တိုက်မှုသည် ပင်ဆူဗားနီးယားပြည်နယ် မောင့်တ်ပလဲဆန့် မြို့နယ် ဝပ်တ်မိုးလန်းဒ် ကောင်တီ တွင် ဒေသစံတော်ချိန် မနက် ၃ နာရီ ၃၃ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပင်ဆူဗားနီးယားပြည်နယ်ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။

 

ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီး၊ နောက်တွဲယာဉ်ပါ ကုန်တင်ယာဉ် သုံးစင်း နှင့် ခရီးသည်တင်ယာဉ်တစ်စင်း တို့ ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့သည် ဟု ၎င်းတို့က ဆိုသည်။

 

အဆိုပါ ဆင့်ကဲ ယာဉ်တိုက်မှုကြောင့် ငါးဦးသေဆုံးခဲ့ပြီး ၅၇ ဦးကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

ထိုဆေးရုံများရှိ လူနာများနှင့်၎င်းတို့၏ မိသားစုများကို ကြက်ခြေနီ အဖွဲ့က အားပေးကူညီ နေကြကြောင်း၊ အမျိုးသားသယ်ယူပို့ဆောင်ရေး အန္တရာယ်ကင်းရှင်းရေးအဖွဲ့က ယာဉ်အစုအပြုံလိုက် တိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် ပင်ဆူဗားနီးယား အမြန်လမ်းမကြီး အရှည်မှာ ကီလိုမီတာ ၅၇၉ ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို