နေပြည်တော် ၆ ဇန်နဝါရီ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၅ ရက် ညပိုင်းတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိပ်မူ-ဝှေခါသွားလမ်းတွင် မဥမ္မာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာ၊ ဥရုချောင်းတံတားထိပ်တွင် ဇော်တူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ ည ၉ နာရီခွဲခန့်တွင် ၎င်းနေထိုင်သည့် စပေါ့ကျေးရွာ၊ အမှတ်(၁/၃၂)နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၂၄,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ ယင်းနေ့  နံနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ယုံတောင်-ဆင်နက်ချောင်ကျေးရွာကြား၊  ရွာငံ-ကျောက်ဆည်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၃၈/၂)အနီးရှိ ချုံတောအတွင်း၌ မော်တော်ဆိုင်ကယ် တစ်စီး ရပ်တန့်ထားသည်ကို တွေ့ရှိသဖြင့်စစ်ဆေးရာ ဘိန်းစိမ်း ၁၃ ဒသမ ၅ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့်၄င်းတို့အား တို့မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား