၇ ဇန်နဝါရီ


လက်တုံ့ပြန်မှုသည် သံသရာရှည်စေသည့်အတွက် မည်သည့်တိုက်ခိုက်ခြင်းမျှ မပြုလုပ်ရန် အီရန်နိုင်ငံအား  နေတိုးတပ်ဖွဲ့ အကြီးအကဲက တိုက်တွန်းလိုက်သည်။ 


ဘရပ်ဆဲလ်မြို့တော်တွင် ယမန်နေ့က ကျင်းပပြုလုပ်သည့် နေတိုး၏ အရေးပေါ်အစည်းအဝေးပွဲ အပြီးတွင် အထွေထွေ အတွင်းရေးမှူးချုပ် ဂျဲနက် စတောလ်ဘာ့ဂ်က  သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ 


ပြီးခဲ့သည့် သောကြာနေ့က အီရန်နိုင်ငံထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမန်နီအား သတ်ဖြတ်ခဲ့သည့် အမေရိကန် မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမေရိကန်သံအမတ်က နေတိုးအဖွဲ့သို့ အတိုချုံး ရှင်းပြခဲ့သည်။ 


နေတိုးအဖွဲ့ဝင်များသည် အီရန်နိုင်ငံ၏ အရှေ့အလယ်ပိုင်းရှိ အမျိုးမျိုးသော အကြမ်းဖက်အုပ်စုများကို ထောက်ခံမှုအား ရှုံ့ချခဲ့ပြီး  စည်းလုံးညီညွတ်မှုကို အရှိန်အဟုန်မြှင့် ထိန်းသိမ်းကြရန် တောင်းဆိုထားသည်ဟု စတောလ်ဘာ့ဂ်က ပြောကြားခဲ့သည်။


ပဋိပက္ခအသစ်များအတွက် မည်သူ့ကိုမှ စိတ်ဝင်စားမည် မဟုတ်ကြောင်းနှင့်  နောက်ထပ်အကြမ်းဖက်မှုများနှင့် လှုံဆော်မှုများကို ရှောင်ကြဉ်ရန် အီရန်နိုင်ငံအား စတောလ်ဘာ့ဂ်က ပြောကြားခဲ့သည်။  


၂၀၁၅ခုနှစ်က စတင်ပြီး သဘောတူညီမှုယူခဲ့သည့် နျူကလီးယားသဘောတူစာချုပ်မှ ကန့်သတ်ချက်များကို ချိုးဖောက်ပြီး  ယူရေနီယံသန့်စင်ခြင်းလုပ်ငန်းကို တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တီဟီရန်က ပြောကြားခဲ့ပြီးနောက် ‌နေတိုးအဖွဲ့ဝင်များသည် အီရန်နိုင်ငံ၏ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုကို အနီးကပ်စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ 

 

ကိုးကား-အန်အိတ်ခ်ျကေ
ဘာသာပြန်-မေဇော်ထက်