နေပြည်တော် ၇ ဇန်နဝါရီ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ ရက် ညနေ ၅ နာရီက ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-ဆိုက်ခေါင်သွားလမ်း၊ နမ်းသြကျေးရွာ အဝင်တွင် ကိုထွန်း မောင်းနှင်ပြီး မလှယဉ်အေး လိုက်ပါလာသော Mark II အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်စဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဆီဆိုင်မြို့အဝင် ကောင်းမှုဗွာကျေးရွာ အနီးတွင် ဖမ်းဆီးရမိခဲ့ပြီးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀ဝ တို့ကိုလည်းကောင်း၊
အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(က)၊ ဆန်ဆိုင်းကွက်သစ်(၉)လမ်း၊ အမှတ်(၇/၇)ရှိ ဂျော်နီထွေး၏နေအိမ်ကိုရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ စိတ်ကြွရူးသွပ်ဆေးပြား ၈၆,၄၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် CROWN အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို လည်းကောင်း၊
ထို့အတူ ည ၇ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်ခမ်းမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ ရာဘာတောအနီး အမှတ်(၁၃)ရပ်ကွက်- အမှတ်(၈)ရပ်ကွက်သွားလမ်းတွင် ကျန်းအားချန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၅၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


