တာချီလိတ် ၇ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မ(ဝမ်ကောင်း)ဈေးအဝင် ဖုန်းကာဗာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် ဂျပ်ပုံးအတွင်း ခြင်ဆေးထွန်းထားရာမှ ယနေ့ ည ၆ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဈေးဆိုင်ခန်း မီးလောင်ကျွမ်းကြောင်းသတင်းအရ ခရိုင်မီးသတ်တပ်ဖွဲ့က မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး မီးသတ်ယာဉ် (၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ရာ အိမ်နီးနားချင်းနှင့် ရပ်ကွပ်နေပြည်သူများ၏ စုပေါင်းဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် (၅)မိနစ်ဝန်းကျင်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖုန်းဆက်စပ်ပစ္စည်းအရောင်းဆိုင်သည် ဝမ်ကောင်း ပင်မဈေးရုံမဟုတ်ဘဲ ဈေးသို့အဝင်ဆိုင်ခန်းဖြစ်ခြင်းကြောင့် အန္တရာယ်မရှိ လျင်မြန်စွာငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဆိုင်အတွင်းမှ ဖုန်းကာဗာများ မီးလောင်ပျက်စီးခဲ့ပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)


