အီရတ်နိုင်ငံရှိ အမေရိကန်တပ်များနှင့် ညွန့်ပေါင်းတပ်ဖွဲ့များအား ဒုံးကျည်တစ်ဒါဇင်ကျော်ဖြင့်  အီရန်နိုင်ငံက ပစ်ခတ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ထုတ်ပြန်ချက်တွင် ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅နာရီ ၃၀ မိနစ်အချိန်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

 

Arbil နှင့် al- Asad ရှိ အမေရိကန်ညွှန့်ပေါင်းတပ်ဖွဲ့များအား လက်ခံထားသည့် အီရတ်စစ်တပ်အခြေစိုက် စစ်စခန်းနှစ်ခုအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထုတ်ပြန် ကြေညာချက်ထဲတွင် ဒုံးကျည်များကို အီရန်နိုင်ငံမှ ပစ်လွှတ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

 

ယခုအခါ ကနဦး ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်ပြီး အပျက်အစီး စာရင်းများကို လုပ်ဆောင်နေဆဲဖြစ်ပြီး  ဒေသတွင်းရှိ အမေရိကန် ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များ နှင့် မဟာမိတ်များကိုကာကွယ်ရန်နှင့် လိုအပ်သည့်  အစီအမံများ ပြုလုပ်နေသည်ဟု ပင်တဂွန်က ပြောကြားခဲ့သည်။

 

mdn

 

အီရန်နိုင်ငံ၏ အစ္စလာမ်တော်လှန်ရေးအစောင့်တပ်ဖွဲ့များက al-Asad စခန်းကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အီရန်အစိုးရပိုင် ရုပ်မြင်သံကြားက ထုတ်ပြန်ခဲ့သည်။

 

အဆိုပါ စစ်ဆင်ရေး၏ အမည်မှာ အာဇာနည် ဆိုလေမန်နီ စစ်ဆင်ရေးဖြစ်သည်ဟု ဆိုသည်။

 

သမ္မတဒေါ်နယ်ထရန့်၏ အမိန့်အရ  ပြီးခဲ့သည့်အပတ်က ဘဂ္ဂဒက်၌ အီရန်နိုင်ငံ ထိပ်တန်းဗိုလ်ချုပ်ကြီး ဖြစ်သူ ကာဆမ် ဆိုလေမန်နီကို အမေရိကန်စစ်တပ်က သတ်ဖြတ်ခဲ့သည်။

 

mdn

 

အမေရိကန်ပြည်ထောင်စု၏ ရန်လိုသည့် လုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အင်္ဂါနေ့က ပြောကြားခဲ့သည်။

 

အီရန်နိုင်ငံ၏ တိုက်ခိုက်မှုများကို ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထရန့်က အင်္ဂါနေ့က ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်