၉ ဇန်နဝါရီ
ကူဝိတ်အစိုးရမှ ၎င်းတို့၏ အစိုးရပိုင် သတင်းအေဂျင်စီကို တိုက်ခိုက်ခံခဲ့ရပြီး အမေရိကန်တပ်များ ရုပ်သိမ်းခြင်းနှင့်ပတ်သက်သည့် မှားယွင်းသည့်သတင်းများကို ဖော်ပြခဲ့သည်ဟုဆိုသည်။
ယမန်နေ့က ကာကွယ်ရေးဝန်ကြီးထံမှ ကူဝိတ်ရှိ အမေရိကန်တပ်မှူးတစ်ဦးထံမှ သုံးရက်အတွင်း အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမည့် ကြေငြာချက် တစ်စောင်လက်ခံရရှိခဲ့သည်ဟု ကူဝိတ်သတင်းအေဂျင်စီက ဆိုသည်။
ရိုက်တာသတင်းဌာနနှင့် ဆော်ဒီအာရေဗျနောက်ခံပေးထားသည့် Al Arabiya TV များက အဆိုပါ သတင်းအချက်အလက်များကို ဖော်ပြခဲ့ကြသည်။
အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များအား အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်အား ပဋိပက္ခနှင့် ဆက်စပ်သည့် အမေရိကန်ပြည်ထောင်စု၏ မှားယွင်းမှုတစ်ခုဟု ရှုမြင်ခဲ့ကြသည်။
ကူဝိတ်အစိုးရအနေဖြင့် တိုက်ခိုက်ခံရမှုမှာ မည့်သူ့ လက်ချက်မှန်းမသိရသေးဟု ဆိုသည်။
နောက်ကွယ်တွင် သတင်းအချက်အလက်စစ်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု လေ့လာသူများက ယုံကြည်ကြသည်။
၂၀၁၇ ခုနှစ်က ကာတာအစိုးရပိုင် သတင်းအေဂျင်စီအား တိုက်ခိုက်ခံရသည့်အခါ သတင်းအမှားများက အရှေ့အလယ်ပိုင်းနှင့် အခြားနိုင်ငံများအကြား သံတမန်ဆက်ဆံရေးကို ထိခိုက်ခဲ့သည်။
ကိုးကား-အန်အိတ်ခ်ျကေ
ဘာသာပြန်-မေဇော်ထက်


