နေပြည်တော် ၉ ဇန်နဝါရီ
တပ်မတော်မှ ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီက လောက်ကိုင်မြို့နယ်၊ တာရွှေထန်ကျေးရွာအုပ်စု၊ ဟေထောက်လင်ကျေးရွာ(ရွာပျက်) အနီးရှိ လူမနေသည့် အဆောက်အဦပျက်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၇,၈၀၀ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇန်နဝါရီ ၈ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင်(၂)လမ်းတွင် တွေ့ရှိသူ မစီးစီးလျာအား ရှာဖွေရာ အိုက်စ် ၁ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း။
ထို့အတူ ယင်းနေ့ ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးကားလမ်းတွင် စိုင်းအစ်မောင်းနှင်ပြီး ကျော်လူ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇,၉၈၀၊ ဘိန်းဖြူ သုည ဒသမ ၀၂ ကီလိုနှင့် မြန်မာငွေကျပ် ၁၀၀,၀၀၀ တို့ကိုလည်းကောင်း။
အလားတူ ယင်းနေ့ ည ၉ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ဝမ်ကျင်းရပ်ကွက်၊ မဲခေါင်လမ်း၊ အိမ်အမှတ်(၃/၄၉)နေ မိုင်ခမ်း၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၆၀၊ ဘိန်းစိမ်း သုည ဒသမ ၃ ကီလို၊ ထိုင်းနိုင်ငံသုံးငွေ ဘတ် ၁၀,၀၀၀ နှင့် တရုတ်နိုင်ငံသုံးငွေ ယွမ် ၁,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


