၁၃ ဇန်နဝါရီ
ဩစတြေးလျနိုင်ငံမှာ လောင်ကျွမ်းနေနဲ့ အကြီးဆုံးတောမီးကြီးကို ဒီကနေ့(တနင်္လာနေ့) က ထိန်းလိုက်နိုင်ပြီလို့ ပင်ပန်းနွမ်းနယ်နေတဲ့ မီးသတ်သမားတွေက ပြေပါတယ်။ နယူးဆောက်ဝေး(NSW)ပြည်နယ် အနောက်မြောက်ပိုင်းမှာ သုံးလနီးပါး လောင်ကျွမ်းနေတဲ့ တောမီးကြီးကို နောက်ဆုံးမှာတော့ ထိန်းလိုက်နိုင်ပြီဖြစ်ပါတယ်။
NSW ပြည်နယ်မီးသတ်ဌာနရဲ့ ဦးစီးမှူးက မီးလောင်းကျွမ်းနေတဲ့ ဒေသကို သွားရောက်လှည့်လည်စစ်ဆေးစဉ် မီးလောင်ကျွမ်းမှု အသေးလေးတွေကို ငြှိမ်းသတ်ရန် လိုသေးကြောင်း ဒါပေမယ့် နိုင်နင်းစွာလုပ်ဆောင် သွားမယ်လို့ ပြောကြားသွားပါတယ်။
လာမယ့်သီတင်းပတ်အတွင်းမှာ မိုးရေချိန် ၂ လက်မအထိ ရွာသွန်းဖို့ရှိနေကြောင်း မိုးလေဝသဦးစီးဌာနက ခန့်မှန်းထားပါတယ်။ မိုးခေါင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေအတွက် မိုးလေဝသဦးစီးဌာနရဲ့ ခန့်မှန်းချက်သာ ဖြစ်ခဲ့မယ်ဆိုရင် NSW ပြည်နယ်မီးသတ်ဌာနအတွက် ပျော်ပွဲရွှင်ပွဲပေါင်းစုံက တပြိုင်နက် ရောက်လာတာဘဲ ဖြစ်မယ်လို့ ပြည်နယ်မီးသတ်ဌာနက ပြောပါတယ်။
တောမီးကြောင့် လူပေါင်း ၂၈ ဦးသေဆုံးပြီး အိမ်ခြေ ၂၀၀၀ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ ပမာဏမှာ ဧက သန်းပေါင်း ၂၇.၇ ရှိကြောင်း သိရပါတယ်။
တောမီးလောင်ခံခဲ့ရတဲ့ ဒေသတွေကို ပြန်လည်ထူရေးအတွက် အမေရိန်ဒေါ်လာ ၁.၄ ဘီလီယံ သုံးစွဲသွားမှာဖြစ်ပြီး အရေးပေါ်အခြေအနေကို ကူညီရန် စစ်သား ၃,၀၀၀ ကိုလည်း ပို့ဆောင်ကူညီသွားဖို့ရှိကြောင်း ဝန်ကြီးချုပ် မော်ရစ်ဆင်က မနေ့က ပြောကြားခဲ့ပါတယ်။ တောမီးကို ဝန်ကြီးချုပ်ရဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သတ်ပြီး နိုင်ငံသား ၅၉ ရာခိုင်နှုန်းက စိတ်ပျက်ခဲ့ပြီး ၃၇ ရာခိုင်နှုန်းကဟာ လက်ခံနိုင်ခဲ့ကြောင်း သုတေသနစစ်တမ်းအရ သိရပါတယ်။
MDN
ကိုးကား -AFP


