နေပြည်တော် ၁၄ ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ တရားမဝင် ရွှေသတ္တုတူးဖော်နေကြောင်း သတင်းအရ ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီခွဲတွင် သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးရာတွင် အဆိုပါနေရာ၌ မျှောဖောင်(၁၇)ခု၊ (၄)လုံးထိုး အင်ဂျင် ၉ လုံး၊ (၆)လုံးထိုး အင်ဂျင် ၈ လုံး၊ ဒိုင်နမို ၁၇ လုံး၊ ရေခရု ၃၃ လုံး၊ ပိုက်မျိုးစုံ ၂၄၁ လုံး၊ ပေပါခွံ ၆၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိသဖြင့် သပိတ်ကျင်းမြို့နယ်ရှိ အမှတ်(၂)သတ္တုတွင်းဌာနသို့ သယ်ဆောင်အပ်နှံရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။

MDN
Credit: ရဲပြန်ကြား