နေပြည်တော် ၁၄ ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်နေ ဦးသိန်းဝင်း (၅၉)နှစ်၏ နေအိမ်၌ ဇန်နဝါရီ ၁၃ ရက် ညနေ ၅ နာရီခွဲက မူးယစ်ဆေးဝါးသတင်းအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ၌ မူးယစ်ဆေးဝါး ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ခြံဝင်းအတွင်း ရပ်တန့်ထားသည့် 8G/xxxx Light Truck ယာဉ်ပေါ်မှ စက္ကူဂျပ်ဖာများဖြင့် ထည့်ထားသော အကောက်ခွန်မဲ့ Hopo အမျိုးအစား Keypad ဖုန်း ၁၅၀ လုံး၊ Best 168 TT အထိုင်ဖုန်း ၁၀၀ လုံး၊ Leopard အမျိုးအစား ဆိုင်ကယ်ဘတ္ထရီအိုး ၃၀၀ လုံးတို့အား သိမ်းဆည်းရမိသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MDN
Credit: ရဲပြန်ကြား