၁၆ ဇန်နဝါရီ
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ နှင်းပုံနှင်းခဲကျခြင်း၊ ရေကြီးရေလျှံခြင်းနဲ့ ဆိုးရွားတဲ့ ဆောင်းရာသီကြောင့် လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့က ထုတ်ပြန်ပြောကြားပါတယ်။
အဲဒီနိုင်ငံတွေမှာ ရာသီဥတု ဆိုးရွားနေတာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က စတင်ခဲ့တာဖြစ်ပြီး ဒီထက်ဆိုးရွားတဲ့ ရာသီဥတုကလည်း ဆက်လက်ဖြစ်ပေါ်နိုင်သေးကြောင်း မိုးလေဝသဦးစီးဌာနက သတိပေးထားပါတယ်။
မနေ့(ဗုဒ္ဓဟူးနေ့) တစ်ရက်တည်းမှာပင် ပါကစ္စတန်နိုင်ငံပိုင် ကတ်ရှ်မီးယားဒေသမှာ လူ ၁၄ ဦး နှင်းပုံအောက်မှာ သေဆုံးနေကြောင်း သိရပါတယ်။ ကတ်ရှ်မီးယားဒေသဟာ ရာသီဥတုဒဏ်ကို အခံရဆုံးဖြစ်ပြီး သေဆုံးသူ ၇၆ ဦးရှိရာ ပါကစ္စတန်နိုင်ငံတစ်နိုင်ငံလုံးမှာ အနည်းဆုံး လူ ၁၀ဝ အထိ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၉၄ ဦး ကလည်း ဒဏ်ရာရရှိထားကြောင်း သိရပါတယ်။
ရာသီဥတု ဆိုးရွားလွန်းတဲ့အတွက် ကတ်ရှ်မီးယားဒေသရှိ ကျောင်းများ နဲ့ အဝေးပြေးလမ်းများ ပိတ်ထား ရပါတယ်။
အိန္ဒိယနိုင်ငံပိုင် ကတ်ရှ်မီးယားဒေသမှာတော့ စစ်သား ၆ ဦး အပါအဝင် လူ ၁၂ ဦး အနည်းဆုံး နှင်းပုံနှင်းခဲ ကျတဲ့အတွက် သေဆုံးခဲ့ပါတယ်။ စစ်သား ၅ ဦးနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦးတို့ဟာ နယ်စပ်ဂိတ်မှာ တာဝန်ထမ်းဆောင်နေစဉ် နှင်းပုံနှင်းခဲကျဆင်းအတွက် သေဆုံးခဲ့တာဖြစ်ကြောင်း အဲဒီဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ တောင်မြောက်ပိုင်းရှိ ဘာလိုချီစတန် ဒေသမှာ သေဆုံး ၃၁ ဦးရှိရာ အများစုမှာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်တာကို တွေ့ရပါတယ်။
MDN
ကိုးကား -AFP


