သံဖြူဇရပ် ၁၆ ဇန်နဝါရီ
သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအဝင် သံဖြူဇရပ်-ရေးကားလမ်း မိုင်တိုင် ၈၅/၄ နှင့် ၈၅/၅ ကြားတွင် မွန်းလွဲ ၂ နာရီခွဲက ယာဉ်မောင်း သန်းဌေးအောင် မောင်းနှင်သည့် Light Truck အဖြူရောင်ယာဉ်သည် ကွေ့တွင်အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်သည် ထားဝယ်မြို့မှ ဘုရာဖူးပြီး တွံတေးအုန်းပင်ချောင်ကျေးရွာသို့အပြန်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်ခြင်းကြောင့် ယာဉ်ပေါ်ပါ ကျား ၇ ဦး၊ မ ၆ ဦး စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဝဲခမိတိုက်နယ်ဆေးရုံနှင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသလျက်ရှိကြောင်း သိရသည်။
အေးအေးသီ


