နေပြည်တော် ၁၆ ဇန်နဝါရီ
ဇန်နဝါရီ ၁၅ ရက် ညနေ ၄ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ယုံတောင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည်ကားလမ်းတွင် ဆန်းဝင်းမောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၂၈ ဒသမ ၅ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူယင်းနေ့ ညနေ ၆ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဟိုနမ့်ကျေးရွာအနီး၊ ဟိုပုံး-လွိုင်လင်ကားလမ်းတွင် မောင်ထီး မောင်းနှင်လာသည့် Probox အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
သတင်းစဉ်


