ချောင်းဆုံ ၁၆  ဇန်နဝါရီ                      

 

ချောင်းဆုံမြို့နယ် ဝယ်လမ်းကျေးရွာအုပ်စု ကုလားဘီကျေးရွာပိုင် ကွင်းအမှတ် (၇၆၂-C)  နတ်တောင်ကွင်းရှိ ရောဘာခြံများတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က တောမီးလောင်ကျွမ်းခဲ့ရာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ကား (၂)စီး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်း၍ ငြှိမ်းသတ်ခဲ့ခြင်းကြောင့်  မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က နေအိမ်များဆီသို့ မီးမကူးစက်ခင် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

4

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ရောဘာခြံ (၁၅) ဧကခန့် မီးကူးစက်ခံခဲ့ရသော်လည်း ပျက်စီးဆုံးရှုံးမှု နှင့် ထိခိုက်ဒဏ်ရာ ရသူမရှိကြောင်း၊ ယင်းမီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်အား မြို့မရဲစခန်းမှ စုံစမ်း လျက်ရှိကြောင်း သိရသည်။

 

ကေအေ(ချောင်းဆုံ)