နေပြည်တော် ၁၈ ဇန်နဝါရီ
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်တွင် ပချားကလို့ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၂၂ ဧကခန့်အား ဖျက်ဆီးခဲ့သည်။
အလားတူ မိုင်းပွန်မြို့နယ်၊ ကုန်းယောင်းကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ ဘိန်းပင်ပေါက် ၂ ဧကခန့်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၄.၅ ဧကခန့်၊ ငရုတ်ကောင်းကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၇.၈၃ ဧကခန့်တို့အား သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့များက အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
MDN
Source: ရဲပြန်ကြား


