၂၀ ဇန်နဝါရီ

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် အဆုတ်အအေးမိရောဂါဖြစ်ပွားစေသည့်  coronavirusဟု ယူဆရသည့် ရောဂါသစ်တစ်မျိုး၏ ကူးစက်မှုကို တွေ့ရှိခဲ့ရကြောင်း တရုတ်နိုင်ငံ ကျန်းမာရေးဌာနမှ တာ၀န်ရှိသူများက ပြောကြားခဲ့သည်။ 

 

w2

 

ပြီးခဲ့သည့်အပတ်မှစပြီး ယနေ့အထိ အဆုတ်ရောင်ရောဂါနှင့် ဆက်စပ်သည့် ကူးစက်ရောဂါ ခံစားရသူပေါင်း ၁၉၈ ဉီးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ၄င်းတို့က ပြောကြားခဲ့သည်။ 

 

w3

 

အဆိုပါ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူတစ်ဉီးမှာ ထပ်မံသေဆုံးသွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ သုံးဉီးအထိ ရှိပြီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် လူနာကိုးဉီး၏ ရောဂါ အခြေအနေမှာ ပြင်းထန်သည်ဟု ဆိုသည်။ 

ဘေကျင်းတွင် ဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူနှစ်ဉီးနှင့် ကွမ်တုန်ပြည်နယ်တောင်ဘက် ရှင်းကျန့်တွင် တစ်ဉီးနှင့် စုစုပေါင်း သုံးဉီးမှာ ကူးစက်ခံထားရကြောင်း သိရသည်။ 

ဝူဟန်မြို့၌လည်း ရောဂါကူးစက်ခံရသူပေါင်း သုံးဉီးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။ 

ဝူဟန်မြို့၏ အပြင်ဘက်တွင် ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းကို တရုတ်အာဏာပိုင်များက အတည်ပြုပြောကြားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

စစ်ဆေးခြင်း ပိုမိုအားကောင်းလာစေရန် ကူးစက်ရောဂါအသစ်ကို အတည်ပြုပြီး ချက်ချင်းကြေညာရန် အမျိုးသားကျန်းမာရေးကော်မရှင်က ဒေသန္တရအစိုးရများအား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 

လာမည့် သောကြာနေ့တွင် စတင်မည်ဖြစ်သည့် တရုတ်နိုင်ငံ၏ နှစ်သစ်ကူးပွဲတွင် တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ လာရောက်မည်ဟု မျှော်လင့်ရသည်။

ဗိုင်းရပ်စ် အသစ်ကို ထိန်းချုပ်ရန် ပွဲတော်ကာလအတွင်း စောင့်ကြည့်စစ်ဆေးမှု အရှိန်မြှင့်လုပ်ဆောင်ရန် အဆိုပါကော်မရှင်က စီစဉ်လျက်ရှိသည်။

ကိုးကား-အန်အိတ်ခ်ျကေ
ဘာသာပြန်-မေဇော်ထက်