၂၀ ဇန်နဝါရီ
ဘရာဇီးဂိုဏ်းသားများ အပါအဝင် အကျဉ်းသား ၇၅ ဦး သည် ဉမင်လိုဏ်ခေါင်းတူးပြီးနောက် ပါရာဂွေးအရှေ့မြောက်ဘက်ရှိ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
ဘရာဇီးနိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေသည့် အာမမ်ဘေတွင် ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပါရာဂွေးနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
ဉမင်ဖြစ်ပေါ်စေရန် တူးဖော်ခဲ့ဖွယ်ရှိသော မြေကြီးအိတ်အလုံး ၂၀၀ ခန့် ကို အကျဉ်းခန်းများတွင် တွေ့ရှိခဲ့ပြီး ထိုအကျဉ်းထောင်မှထွက်နေသော ဉမင်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။
ထိုဉမင်လိုဏ်ခေါင်းကို ဖြတ်ပြေးရန်ကြိုးစားနေသည့် အကျဉ်းသားတစ်ဦးကို ထိန်းသိမ်းထားခဲ့သည်ဟုလည်း ၎င်းတို့က ဆိုသည်။
ထောင်ပြေး ၇၅ ဦးအနက် အများစုမှာ ဘရာဇီးနိုင်ငံရှိ လက်နက်နှင့်မူးယစ်ဆေးဝါး ရောင်းဝယ်မှု အများဆုံးအဖြစ် သတ်မှတ်ခံရသည့် ဉပဒေချိုးဖောက်သော အဖွဲ့အစည်းတစ်ခု၏ အဖွဲ့သားများဖြစ်ပြီး ၎င်းတို့သည် နယ်စပ်ကို ဖြတ်ကျော်ကာ ထွက်ပြေးသွားဖွယ်ရှိကြောင်း ထိုပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါ ထောင်ပြေးမှုနှင့်ပတ်သက်ပြီး ပါရာဂွေးအကျဉ်းထောင်ထဲတွင် ပူးပေါင်းဆောင်ရွက်သူ ရှိ၊မရှိကို စုံစမ်းစစ်ဆေးရန် ယင်းဝန်ကြီးဌာက စီစဉ်ထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


