၂၀ ဇန်နဝါရီ
အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်၏ အိုအာဟူ ကျွန်းပေါ်ရှိ ဟိုနိုလူလူမြို့တွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခဲ့သည်။
ဟာဝိုင်ယီရှိ လူကြိုက်များသော ခရီးသွားနေရာများအနက် တစ်ခုဖြစ်သော Diamond Head အနီး လူနေရပ်ကွက် တစ်ခု၌ ယမန်နေ့မနက်စောပိုင်းက ယင်းသို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသ Star Advertiser သတင်းစာက ဖော်ပြထားသည်။
နေအိမ်များစွာ မီးလောင်ကျွမ်းနေပြီး မီးသတ်သမားများက မီးတောက်များကို ငြှိမ်းသတ်နေပုံကို ဒေသန္တရ ရုပ်သံ ကွန်ရက်တစ်ခုက ရိုက်ကူးထုတ်လွှင့် ပြသခဲ့သည်။
ထိုရဲတပ်ဖွဲ့တာဝန်ရှိသူများကို ပစ်သတ်ခဲ့သော အမျိုးသားသည် နေအိမ်ကို မီးရှို့ပြီးနောက် ထိုအိမ်ထဲတွင် သူ့ကိုယ်သူ ပိတ်လှောင်ထားခဲ့သည်ဟု ဒေသန္တရ မီဒီယာက ဖော်ပြထားသည်။
ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


