ဒုတိယဝန်ကြီးဦးအောင်လှထွန်း စစ်ကိုင်းမြို့၌ ကျင်းပမည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြည့်ရှုစစ်ဆေး

စစ်ကိုင်း ၁၁  ဇန်နဝါရီ

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ညနေ ၅ နာရီခွဲတွင် စစ်ကိုင်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကာ ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ကလေးစာပေပွဲတော်ကို ဇန်နဝါရီ ၁၃ မှ ၁၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

 

mdn