နေပြည်တော် ၂၂ ဇန်နဝါရီ 

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ ထီဆွေးကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့် အကွာ၌ အမြင့်ပေ ၄ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၃ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

 

5182

 

အလားတူ ဆီဆိုင်မြို့နယ်၊ ဘန်းကန်ကျေးရွာ၏ အနောက်မြောက်ဘက် ၂ ဖာလုံခန့်အကွာ၌ အမြင့်ပေ ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၁၀ ဧကခန့်၊ ငဖဲမြို့နယ်၊ ပဘဲကျေးရွာ၏ အနောက်ဘက် ၈ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း စုစုပေါင်း ၄ ဧကခန့်၊ ရှောက်ရင်းကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ ဘိန်းပင်ပေါက် ၁ ဧကခန့်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဇင်ဂေါင်းကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၁ ဒသမ ၅ ဧကခန့်တို့အား သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

MDN
Source: ရဲပြန်ကြား