နေပြည်တော် ၂၂ ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ယင်းမချောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (CNG 2) ညောင်တိုးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်၌ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက ဂတ်(စ်)အိုးပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သူဌေးကုန်းရပ်ကွက်နေ ဝင်းညွန့် (၃၃)နှစ် မောင်းနှင်သည့် 7Q/xxxx Nissan (၆)ဘီးယာဉ်သည် ဂတ်ဖြည့်ရန် ရပ်တန့်ထားစဉ် ယာဉ်ပေါ်မှပါလာသော ဖိုက်ဘာဂတ်(စ်)အိုး ၃ လုံးအနက် အလယ်အိုးမှာ အလိုအလျောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် ယာဉ်၏ခေါင်းခန်းနှင့် သဘာဝဓာတ်ငွေ့အရောင်းဆိုင် အဆောက်အဦတို့ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ဝင်းညွန့်အား ညောင်လှနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

MDN
Source: ရဲပြန်ကြား