နေပြည်တော် ၂၂ ဇန်နဝါရီ 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅၀/၀-၁)ကြား၌ ဇန်နဝါရီ ၂၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်တွင် ဆိုင်ကယ်မှ လျှပ်စစ်ဓာတ်တိုင်အား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်ကုန်းမြို့တွင်းဘက်မှ ပျဉ်းမနားမြို့ဘက်သို့ တပ်ပေါက်ကျေးရွာနေ အောင်ပြည့်စုံ (ခ) ပွကြီး (၂၂)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ချမ်းမြေ့နိုင် (၂၇)နှစ်နှင့် ရှိုင်းထက်အောင် (၂၇)နှစ်တို့ လိုက်ပါလာသည့် ၆၃ယ/xxxx လော့ဂျား-၁၁၀ ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက် လမ်းဘေးယာဘက်ခြမ်းရှိ လျှပ်စစ်ဓာတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ဖြစ်စဉ်ကြောင့် အောင်ပြည့်စုံ (ခ) ပွကြီးပါ ၃ ဦးတွင် ဒဏ်ရာများအသီးသီးရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သဖြင့် အောင်ပြည့်စုံ (ခ) ပွကြီးအား တပ်ကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

MDN
Source: ရဲပြန်ကြား

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}