၂၃ ဇန်နဝါရီ

တရုတ်နိုင်ငံ ဟာဘီပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်ဖြစ်သည့် အဆုတ်ရောင်ရောဂါကြောင့် လူရှစ်ဉီးသေဆုံးခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ 

 

w1

 

သေဆုံးသူများကို ယမန်နေ့က အတည်ပြုခဲ့ရာ  စုစုပေါင်း ၁၇ ဉီး သေဆုံးခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ 

 

w3

 

တရုတ်နိုင်ငံရှိမြို့ကြီးများနှင့် ပြည်နယ် ၂၅ ခုတို့တွင် ရောဂါဖြစ်ပွားမှုအခြေအနေ  ၅၇၁ မှုရှိကြောင်း ၄င်းတို့က ပြောကြားခဲ့သည်။ 

 

ရောဂါဖြစ်ပွားရာ ဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့ကို နံနက် ၁၀ နာရီလောက်ပိုင်းမှစပြီး လေယာဉ်ပျံသန်းခြင်းနှင့် ရထားများသွားလာခြင်းတို့ကို ခေတ္တရပ်ဆိုင်းထားကြောင်း   အာဏာပိုင်များက ပြောကြားခဲ့သည်။

 

w4

 

ယနေ့တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးရန်အတွက် စီးပွားရေးအတွက် အထူးကိစ္စမရှိလျှင် ဝူဟန်မြို့သို့ မသွားရောက်ရန် မြို့တွင် နေထိုင်သူများကို တောင်းဆိုထားသည်။ 

 

ဝူဟန်မြို့အတွင်းရှိ ယန်ဇီမြစ်ကို ဖြတ်ကူးရသည့် ဘတ်စ်ကားများ၊ မြေအောက်ရထားများနှင့် ခရီးသည်တင်သင်္ဘောများ၏ ခရီးစဉ်များကို ဒေသန္တရအာဏာပိုင်များက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ 

 

ယမန်နေ့မှစပြီး လူများစုဝေးနေထိုင်သည့် နေရာဖြစ်သည့် ဈေးဆိုင်များ၊ ပန်းခြံများနှင့် အခြားနေရာဖြစ်သည့် အများပြည်သူနှင့်ဆိုင်သည့် သယ်ယူပို့ဆောင်းရေးနေရာများ သွားရောက်သည့် အခါအတွင် မျက်နှာဖုံးစွပ်များကို ဝတ်ဆင်ကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။ 

 

ဝူဟန်မြို့ကို အလည်အပတ်မသွားရောက်ကြရန်နှင့်  ဝူဟန်မြို့ခံများကလည်း အခြားဒေသများသို့ မသွားရောက်ကြရန် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က လူများကို တိုက်တွန်းထားသည်။

 

လာမည့်သောကြာနေ့တွင် စတင်မည့် နှစ်သစ်ကူးပိတ်ရက်များအတွင်း ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။ 

 

တရုတ်ပြည်အလယ်ပိုင်း ဝူဟန်ရှိ တိရစ္ဆာန်ဈေးကွက်အတွင်း တောရိုင်းတိရစ္ဆာန်များကို တရားမဝင်ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာမှ  ပြီးခဲ့သည့် နှစ်နှောင်းပိုင်းမှစပြီး အမည်မသိသည့် ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။ 

 

အဆိုပါ ဗိုင်းရပ်စ်သည် အမေရိကန်ပြည်ထောင်စုကဲ့သို့ ဝေးလံသော ဒေသများတွင်လည်း ပျံ့နှံ့မှုဖြစ်ပွားလျက်ရှိနေသဖြင့် ဗိုင်းရပ်စ်ပိုးသည် ကမ္ဘာအနှံ့ ပြန့်ပွားလာမည်ကို  စိုးရိမ်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်