၂၃ ဇန်နဝါရီ

ဩစတြေးလျတောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေစဉ် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်အမှုထမ်း သုံးဦးသေဆုံးခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

 

ေ1

 

ကူးမာမြို့အနီး တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေသည့် ထိုလေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ဩစတြေးလျ အသံလွှင့်ဌာန ကော်ပိုရေးရှင်း၏ ပြောကြားချက်အရ သိရသည်။

နယူးဆောက်ဝေးပြည်နယ် ဝန်ကြီးချုပ် ဂလပ်ဒီ ဘီရီဂျစ်လီယန်က ၎င်းလေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူများ၏ မိသားစုဝင်များထံ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို