၂၈ ဇန်နဝါရီ

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၀၆ ယောက်ဖြစ်လာခဲ့ပြီး ကူးစက်ရောဂါပိုးခံစားနေရသူပေါင်း ၄၅၁၅ ယောက် အထိရှိလာကြောင်း တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးအဖွဲ့က အင်္ဂါနေ့ (ဇန်နဝါရီ ၂၈ ရက်) မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

 

1

 

၂၄ နာရီအတွင်းမှာ သေဆုံးသူ ၂၆ ဦးရှိပြီး ရောဂါပိုးကူးစက်ခံရသူစာရင်းမှာ တနင်္လာနေ့က ၂,၇၄၄ ဦး ရှိခဲ့ပေမယ့် အင်္ဂါနေ့မှာ ၄,၅၁၅ ဦးအထိ များပြားလာသလို သံသယရှိသူ ၇,၀၀၀ ဦး ရှိနေကြာင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ရာ ဟူဘေပြည်နယ်တွင်းရှိ ဝူဟန်မြို့ နဲ့ တခြားမြို့တွေကို သွားလာခွင့် ပိတ်ပင်လိုက်တဲ့အတွက် လူဦးရေ သန်း ၅၀ ကျော်ဟာ ဒေသတွင်းမှာ ပိတ်မိနေပါတယ်။ အဲဒီပိတ်မိနေသူများတွင် နိုင်ငံခြားသားများလည်း ပါရှိနေတာကို တွေ့ရပါတယ်။

 

ဝူဟန်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ဌာနရဲ့ ဝန်ထမ်းတွေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဝူဟန်မြို့ကနေ ဒီကနေ့(အင်္ဂါနေ့)မှာ အမေရိကန်နိုင်ငံကို ပြန်ခေါ်ဖို့ စီစဉ်ထားပေမယ့် အကြောင်းပြချက်တစ်စုံတစ်ရာ မပေးဘဲ မနက်ဖြန် ဗုဒ္ဓဟူးနေ့ကို ပြောင်းရွှေ့လိုက်ပါတယ်။

 

1

 

အလားတူ ပြင်သစ်၊ ဂျပန် နိုင်ငံတွေကလည်း ဒီသီတင်းပတ် အလယ်မှာ သူတို့နိုင်ငံသားတွေကို လေယာဉ်တွေနဲ့ ပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။ ဂျမနီနဲ့ တခြားနိုင်ငံတွေကလည်း အလားတူ အစီအစဉ်များပြုလုပ်ပြီး သူတို့ နိုင်ငံသားတွေ ကို ပြန်ခေါ်မယ်လို့ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်ဟာ လူအချင်းချင်း ကူးစက်နိုင်တဲ့ ရောဂါပိုးဖြစ်ပေမယ့်  ဘယ်လိုပုံစံမျိုး၊ ဘယ်လိုနည်းမျိုးနဲ့ ပျံ့နှံ့တယ်ဆိုတာ ပညာရှင်တွေက ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပါတယ်။

 

5

 

MDN

ကိုးကား - AFP