ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  ဦးညီပု ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လေးကျေးရွာတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

စစ်တွေ  ၁၂   ဇန်နဝါရီ 

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ဇနီးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေးကျေးရာတွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများသို့သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 

ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေလုံခြုံရေးအခြေအနေကြောင့် မိမိတို့ ရပ်ရွာများ၊ အိုးအိမ်များနှင့် အလုပ်အကိုင်များကို စွန့်ခွာပြီးယခုကဲ့သို့ လာရောက်နေထိုင်ရသည့်အတွက် မိမိတို့ရပ်ရွာများတွင် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် နေထိုင်စားသောက်လုပ်ကိုင်နိုင်စေရေး၊ တည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ 

 

111

 

ယခုကဲ့သို့ လာရောက်နေထိုင်ကြရချိန်တွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် စားသောက်နေထိုင်ရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင်ကျန်းမာရေး စောင့်ရှောက်မှုအတွက်လည်းလိုအပ်သည့် ဆရာဝန်၊ ဆရာမများနှင့် ဆေးဝါးပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှလည်း စားဝတ်နေရေးအတွက် လိုအပ်သည်များကို ထောက်ပံကူညီ ပေးလျက်ရှိကြောင်း ပြောကြားသည်။ 

 

ထို့နောက် နေရပ်စွန့်ခွာတိမ်းရှောင်နေသူများက စားဝတ်နေရေး၊ ကျန်းမားရေးနှင့်သောက်သုံးရေ ရရှိရေးများအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။

 

ဆက်လက်၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ထောက်ပံ့ငွေကျပ် ၄၂ သိန်း၊ ရေသန့်ဘူး ၂၀ဝ ဘူး၊ မိသားစုသုံးအသုံးဆောင်ပစ္စည်း ၈၂ ဘူးတို့ကို ပေးအပ်ထောက်ပံ့သည်။ ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ဆန်တစ်လစာအတွက် ငွေကျပ် ၃၇၅၃၀ဝ၀၊ ဖျာ ၈၈ ထည်အတွက်ငွေကျပ် ၄၄၀ဝ၀ဝ၊ စောင် ၁၇၆ ထည်အတွက် ငွေကျပ် ၄၆၁၁၀ဝနှင့် မွေးဖွားမိခင် တစ်ဦးအတွက် ကျပ် ၅၀ဝ၀ဝ တို့ကို ပေးအပ်ထောက်ပံ့သည်။

 

အဆိုပါအထက်မြတ်လေးကျေးရွာရှိ တိုက်ပွဲရှောင်စခန်းတွင် အိမ်ထောင်စု ၈၈ စု၊ လူဦးရေ ၄၂၇ ဦးနေထိုင်လျက်ရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်) 

 

222