ကန့်ဘလူ ၂၈ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်တွင် ဇန်နဝါရီ ၂၇ ရက် ည ၁၂ နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားရာ အမျိုးသမီး(၂)ဦး မီးလောင်ကျွမ်း သေဆုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာသို့ ကန့်ဘလူမြို့မရဲစခန်းမှ ဒုရဲမှူးချစ်ဝေနှင့်အဖွဲ့သည် သွားရောက်ကြည့်ရှု စစ်ဆေးရာ ညောင်အိုင်ရပ်နေ ဒေါ်ပုငွေ၏နေအိမ်မှ လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီး အလျား၂၇ ပေ၊ အနံ၂၄ပေ၊ သွပ်မိုး၊အုတ်ညှပ်၊ တစ်ထပ်လူနေအိမ်မီးလောင်ကျွမ်းခဲ့ပြီး အိမ်ပိုင်ရှင် ဒေါ်ပုငွေ(၇၃)နှစ်နှင့် သမီး ဖြစ်သူ မမြင့်(၄၆)နှစ်တို့ မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့နှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ  ဇန်နဝါရီ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် မီးညွန့်ကျိုးကြောင်း သိရသည်။

 

လူအောင်(ကသာ)