နေပြည်တော် ၂၉ ဇန်နဝါရီ
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်က ပင်လောင်းမြို့နယ်၊ ဝါးလီကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁ ဒသမ ၅ ဧကခန့်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မိုင်းပျဉ်းမြို့နယ်၊ မရှိကြယ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့် အကွာ၊ ပန်လောင်းကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂ ဧကခန့်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
MDN
Source: ရဲပြန်ကြား


