ပြင်ဦးလွင် ၂၉ ဇန်နဝါရီ
မန္တလေးမြို့နေ ဦးကျော်သူအောင်၏သား သီဟနိုင်(ခ)အသေးလေး အသက်(၂၉)နှစ်သည် မန္တလေးမြို့ ပြည်ကြီးတံခွန်ရပ်နေ အသက်(၈)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ခိုးယူသွားပြီးထိုးကြိတ်၍ သားမယားအဖြစ်ပြုကျင့်ကာ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးတွင် စွန့်ပစ်ခဲ့သဖြင့် ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးသန့်ဇင်ဦးက တရားလိုပြုလုပ်၍ ပြင်စာနယ်မြေရဲစခန်း၌ ဥပေဒအရ အရေးယူပေးရန် တိုင်တန်းခဲ့သည်။
အဆိုပါတိုင်တန်းမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် ရာဇဝတ်ကြီးမှု အမှတ် ၄၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃၊ ၃၆၆၊ ၃၇၆၊ ၃၂၅ ဖြင့် အမှုအား လက်ခံစစ်ဆေးခဲ့ပြီး ပြင်ဦးလွင်ခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး(၁)မှ တရားခံ သီဟနိုင် (ခ) အသေးလေးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၂၅ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ တို့အား သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
တင်မောင် မန်းကိုယ်ပွား(အောင်စံမောင်)


