၃၁ ဇန်နဝါရီ

ဝူဟန်မြို့ရဲ့ လူသူမရှိတဲ့ လမ်းမပေါ်မှာ မျက်နှာဖုံးဝတ်ဆင်ထားသော ဆံပင်ဖြူနေတဲ့အမျိုးသားတစ်ဦး လဲကျသေဆုံးနေတာကို ကြာသပတေးနေ့က တွေ့ရှိရပါတယ်။ သေဆုံးသူရဲ့ လက်တစ်ဖက်မှာ ဈေးဝယ်ပလပ်စတစ်အိတ်တစ်လုံး ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်။ 

 

75

 

လူဦးရေ ၁၁ သန်းနေထိုင်တဲ့ ဝူဟန်မြို့ရဲ့လမ်းမတွေဟာ ပုံမှန်ဆိုရင် လူသူစည်ကားလေ့ရှိပါတယ်။ သေဆုံးသူရဲ့ အနီးကို လမ်းသွားလမ်းလာ တစ်ဦးတစ်ယောက်မျှ အနီးကပ်ကြည့်ခြင်းမရှိတာကို တွေ့ရပါတယ်။ 

သေဆုံးသူရဲ့ အလောင်းကို AFP သတင်းထောက်က ကြာသပတေးနေ့ မနက်ပိုင်းက သူကိုယ်တိုင်တွေ့ရှိတာဖြစ်ပြီး ဗိုင်းရပ်စ်ပိုး ကာကွယ်ရေး ဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ လိုက်ပါလာတဲ့ ရဲကားတစ်စီးက အချိန်အနည်းငယ်အတွင်းမှာ ရောက်ရှိလာပြီး အလောင်းကို တင်ဆောင်သွားကြောင်း သတင်းထောက်က ပြောပါတယ်။ 

 

3339

 

သေဆုံးသူ အနီးမှာ ရှိတဲ့အမျိုးသမီးတစ်ဦးကတော့ ဒီလူသေဆုံးတာဟာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ 

အလားတူ ဝူဟန်နံပတ်၆ ဆေးရုံနဲ့ တစ်လမ်းအကွာရှိ လမ်းမပေါ်မှာလည်း အမျိုးသားတစ်ဦး လဲကျသေဆုံးနေတာကို မနေ့က တွေ့ခဲ့ရပါတယ်။ ဝူဟန်နံပတ်၆ ဆေးရုံဟာ ကိုရိုနာဗိုင်းရပ်ပိုးကို အဓိကထားပြီး ကုသပေးနေတဲ့ ဆေးရုံဖြစ်ပါတယ်။ 

သေဆုံးသူကို ခန္ဓာကိုယ်ထည့် အဝါရောင်အိတ်ထဲမှာ ထည့်ပြီး သယ်ဆောင်သွားတာကို တွေ့ရပြီး ဝန်ထမ်းတွေက အဲဒီနေရာကို ပိုးသတ်ဆေးတွေနဲ့ သန့်ရှင်းတာကို တွေ့ရတယ်လို့ သတင်းထောက်က ပြောပါတယ်။ 

MDN
ကိုးကား - AFP