၃၁ ဇန်နဝါရီ

အီရန် နျူကလီးယားအဖွဲ့အစည်းနှင့် ယင်းအဖွဲ့အစည်း၏အကြီးအကဲဖြစ်သူကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

အီရန်နိုင်ငံသားများကို ကူညီရန် ထိုနိုင်ငံသို့ ဆေးဝါးများပေးပိုးခဲ့သည်ဟု ၎င်းဌာနက ဆိုသည်။

အီရန်နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဘရိန်းဟုခ်က သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ဟုခ်က ထပ်လောင်းဝေဖန်ပြောဆိုခဲ့သည်။

အီရန်နိုင်ငံသည် ၎င်း၏ယူရေနီယံ သိုလှောင်မှုနှင့် သန့်စင်မှုအဆင့်များကို သတ်မှတ်ထားသော ကန့်သတ်ချက် ထက်ကျော်လွန်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် ဟုခ်က အီရန်အဏုမြူစွမ်းအင်ဆိုင်ရာအဖွဲ့အစည်းနှင့် ၎င်းအဖွဲ့အစည်း၏ အကြီးအကဲ အလီအက်ကာဘာဆေဟီကို  ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ထိုပိတ်ဆို့မှုများတွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပိတ်ပင်ခြင်း ပါဝင်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့်  အီရန်နိုင်ငံသို့ ကင်ဆာနှင့်အစားထိုးဆေးဝါးများ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကိုလည်း အပြီးသတ်လုပ်ဆောင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုကြောင့် အီရန်နိုင်ငံတွင် ဆေးဝါးများရရှိရန် ခက်ခဲသည်။

အီရန်အဏုမြူစွမ်းအင်ဆိုင်ရာ အဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူ ဘီဟုဇ်ကာမလ်ဗန်ဒီ က  ယင်းကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခြင်းသည် ဝါရှင်တန်၏ နိုင်ငံရေးကစားနည်းဖြစ်ကြောင်း ဒေသန္တရသတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

ထိုပိတ်ဆို့အရေးယူမှုများသည် ကလေးဆန်သောနည်းလမ်းများဖြစ်ပြီး တန်ဖိုးမရှိကြောင်း၎င်းက ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်အပေါ် အကျိုးသက်ရောက်မှုရှိမည် မဟုတ်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံနှင့် ၂၀၁၅ နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး အီရန်လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မှပေးနိုင်သည့် အခြေအနေမရှိဟု ၎င်းကဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို