၃၁  ဇန်နဝါရီ

ဂျပန်နိုင်ငံတွင် ဒီဇင်ဘာလ အလုပ်လက်မဲ့နှုန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၂ ရာခိုင်နှုန်းအတိုင်း ပြောင်းလဲခြင်းမရှိဟု သိရသည်။

ဒီဇင်ဘာလက လူဦးရေ ၆၇ ဒသမ ၄ သန်းခန့် အလုပ်အကိုင်ရရှိကြကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ပြောကြားခဲ့သည်။

အလုပ်အကိုင်ရရှိသူဦးရေမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကထက် လူဦးရေ ၈၁၀၀၀၀ တိုးလာကြောင်း  ဖော်ပြထားသည်။

အချိန်ပိုင်းအလုပ်သမားများ အပါအဝင် အမြဲတမ်းဝန်ထမ်းမဟုတ်သော အလုပ်သမားအရေအတွက် မှာ ၂၁ ဒသမ ၈ သန်းခန့်ရှိသည်။ထို အလုပ်သမားဦးရေ ၂၃၀၀၀၀ တိုးလာခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလက အလုပ်လက်မဲ့ဦးရေ ၁ ဒသမ ၄၅ သန်း ခန့် ရှိရာမှ ဦးရေ ၁၄၀၀၀၀ ထိကျဆင်းခဲ့သည်။ ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။ထိုအလုပ်လက်မဲ့ဦးရေ မှာ ၂၇ နှစ်အတွင်း အနည်းဆုံး ဖြစ်သည်။

အလုပ်လက်မဲ့နှုန်းမှာ ၂ ရာခိုင်နှုန်းကျော်ဖြင့် တည်ငြိမ်နေသည်ဟု ထိုဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို