၁ ဖေဖော်ဝါရီ
ဖူကူရှီးမားစီရင်စုနယ်မှ ရဲများပါဝင်သော ရဟတ်ယာဉ်တစ်စင်းသည် ယနေ့နံနက်ပိုင်းက စပါးခင်းတစ်ခုတွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူတစ်ဉီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖူကူရှီးမားစီရင်စုနယ်မှ ရဲများ၏ပြောကြားချက်အရ ပျက်ကျခဲ့သော ရဟတ်ယာဉ်သည် နှလုံးအစားထိုး ခွဲစိတ်ကုသမည့် အင်္ဂါအစိတ်အပိုင်း သယ်ဆောင်လာသော ရဟတ်ယာဉ်ဖြစ်ပြီး အဆိုပါရဟတ်ယာဉ်တွင် ဆရာဝန်တစ်ဉီး၊ သူနာပြုနှင့် ရဲများအပါအဝင် ခုနစ်ဉီးလိုက်ပါခဲ့ကြောင်း သိရသည်။
ဖူကူရှီးမားလေဆိပ်သို့ ဉီးတည်သွားနေသော အဆိုပါရဟတ်ယာဉ်သည် ဂျပန်နိုင်ငံမြောက်ပိုင်း ဖူကူရှီးမားစီရင်စုနယ်ရှိ ကိုရီယာမာဘူတာရုံမှ ၁၅ ကီလိုမီတာခန့်အကွာ စပါးခင်းတွင် ရဟတ်ယာဉ်ဒလက် အကျိုးအပဲ့များနှင့်အတူ ပျက်ကျခဲ့ခြင်းဖြစ်သည်။
ဘာသာပြန်-စုရည်
ကိုးကား-အန်အိတ်ချ်ကေ


