၁ ဖေဖော်ဝါရီ

 

အင်ဒိုနီးရှားနိုင်ငံရှိ မိကျောင်းတစ်ကောင်ရဲ့ လည်ပင်းမှာ ဆိုင်ကယ်တာယာ စွပ်မိနေတာ သုံးလေးနှစ်ရှိပြီး မိကျောင်းမှာ မသက်မသာခံစားနေတာကို တွေ့ရပါတယ်။  အဲဒီတာယာကို ဖြုတ်ဖို့ ဒေသတွင်းက တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့တွေက ကြိုးစားပေမယ့် မအောင်မြင်သေးတာဖြစ်ပါတယ်။

 

အင်ဒိုနီးရှား အစိုးရက အခုတော့ မိကျောင်းမှာရှိနေတဲ့ တာယာဖြုတ်နိုင်သူကို ဆုငွေပေးမယ်လို့ ကြေညာလိုက်ပေမယ့် မိကျောင်းနားကို မကပ်ဖို့လည်း ပြည်သူလူထုထံ သတိပေးထားပါတယ်။ မိကျောင်းဟာ ၄ မီတာရှည်တယ်လို့ သိရပါတယ်။

MDN

ကိုးကား-AFP