စလင်း ၂   ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အပိုင်၊ နတ်တတ် ကျေးရွာအုပ်စု၊ နတ်တတ်ကျေးရွာ၌ ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ် အချိန်က လူနေနွားစာဂိုဒေါင်မှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည်။

 

ဖြစ်စဉ်မှာ အိမ်ရှင်ဒေါ်အေးမော်(၄၁)နှစ်၏ နေအိမ်တွင် လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ ဝါယာရှော့ဖြစ်၍ အနီးထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် အိမ်ရှင်ဒေါ်အေးမော်၏ နွားစာတဲ(၁)လုံးနှင့် ဦးကုလားလေး ပိုင်ဆိုင်သော ဝါးကြမ်းခင်းနွားစာတဲအပေါ်ထပ် မီးလောင်ဆုံးရှုံးခြင်းဖြစ်ပြီး မီးဘေးသင့်ပြည်သူ မီးဘေးသင့် ပြည်သူ စုစုပေါင်း(၆)ဦးသည် နီးစပ်ရာဆွေမျိုးများအိမ်တွင် နေထိုင်လျက်ရှိပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 

မီးလောင်ရာနေရာသို့ စလင်းမြို့နယ်မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၁၅)ဦး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မီးသတ်ရေသယ် ယာဉ်(၁)စီး၊ ဆင်ဖြူကျွန်းနယ်မြေ မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၃)ဦး၊ အရန်မီးသတ်(၃)ဦး၊ ကျေးရွာအရန် မီးသတ်(၁၀)ဦးဖြင့် ငြှိမ်းသတ်ရာ ၁၂ နာရီ မနစ် ၅၀ တွင် မီးငြိမ်းသွားခဲသည်။

 

မီးလောင်မှုဖြစ်စဉ်ကြောင့် အိမ်ရှင်ဒေါ်အေးမော်အား စလင်းမြို့နယ်၊ တညောင်နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

 

မောင်လွင်(ပြန်/ဆက်)