၃ ဖေဖော်ဝါရီ

ဂျပန်နိုင်ငံတောင်ပိုင်း ကီဂိုရှီးမား စီရင်စုရှိ ကျွန်းတစ်ကျွန်းရှိ ကျွန်း၏ တောင်စောင်းအောက်ရှိ မီးတောင်တစ်ခုသည် ယနေ့နံနက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ 

 

v1

 

ကူချီနိုဘူရီကျွန်းရှိ ရှင်းဒက်တောင်သည် ယနေ့နံနက် ၅ နာရီ ၃၁ မိနစ်အချိန်ခန့်တွင် ကောင်းကင်သို့ မီတာ ၇၀၀နီးပါးအထိ မီးခိုများ ထိုးထွက်လာခဲ့သည်။  

 

မီးတောင်၏အနောက်တောင်မီတာ ၉၀၀ ခန့်တွင် မီးတောင်ပြာမှုန်များ၊ ကျောက်တုံးများနှင့်ချော်ရည်များ စီးကျလာပြီးနောက် ကျောက်တုံးကြီးများသည် မီတာ ၆၀၀နီးပါး ပျံတက်ခဲ့သည်ဟု ဆိုသည်။ 

 

အဆိုပါ ကျောက်တုံးများလိမ့်ဆင်းမှုသည် လူနေအိမ်များသို့ ရောက်ရှိခြင်းမရှိဟု ၎င်းတို့က ပြောကြားခဲ့သည်။ 

 

v2

 

မီးတောင်မှ ၂ ကီလိုမီတာ ပျံသန်းနေသည့် ကျောက်တုံးများနှင့် ပုန်းအောင်နေသည့် ချော်ရည်များ စီးဆင်းမှုအတွက်  လူအများကို အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်လျက်ရှိသည်။ 

 

မီးတောင်၏အနောက်တောင်ဘက်ရှိ မူခါဟာမာခရိုင်ရှိ ကျယ်ပြန့်သည့် ဒေသများတွင် ချော်ရည်များ စီးဆင်းမှုကို သတိပြုနေထိုင်ကြရန်လည်း အာဏာပိုင်များက တောင်းဆိုထားသည်။ 

 

၂၀၁၅ ခုနှစ်တွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒေသခံများအားကျွန်းမှ ခေတ္တရွှေ့ပြောင်းခဲ့ရသည်။ ပြီးခဲ့သည့်လကလည်း ပြတ်တောင်းပြတ်တောင်း ပေါက်ကွဲမှုများရှိကြောင်း လေ့လာတွေ့ရှိခဲ့ ရသည်ဟု ဆိုသည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်