၃ ဖေဖော်ဝါရီ

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ တရုတ်အမျိုးသမီးတစ်ဦးကို တုပ်ကွေးနဲ့ HIV ရောဂါပိုး ကုသဆေးတွေရောပြီး ကုသပေးရာ အဲဒီအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိတော့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးက ပြောကြားပါတယ်။ ရှာဖွေတွေ့ရှိချက်ကို အတည်ပြုရန် ထိုင်းကျန်းမာရေးဌာနက စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ 

 

8t


အသက် ၇၁ နှစ်အရွယ် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ တရုတ်အမျိုးသမီးကို ထိုင်းဆရာဝန်တွေက တုပ်ကွေးကုသဆေး နဲ့ HIV ကုသဆေးတွေကို ရောပြီး ကုသပေးရာ ၄၈ နာရီအတွင်းမှာ ဗိုင်းရပ်စ်ပိုးကို မတွေ့တော့ကြောင်း၊ ဆေးပေးပြီး ၁၂ နာရီအတွင်းမှာ ထထိုင်နိုင်ကြောင်း၊ ဆေးမပေးမီက လူနာဟာ ပင်ပန်းနွမ်းနွယ်နေကြောင်း ကျန်းမာရေးဝန်ကြီးနဲ့အတူ သတင်းစာရှင်းလင်းပွဲမှာရှိနေတဲ့ ဒေါက်တာ ကရိုင်ဆက် က ပြောကြားပါတယ်။ 

ဒီတွေ့ရှိချက်မတိုင်မီက တရုတ်နိုင်ငံအပြင်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အသက် ၄၄ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး ဖိလစ်ပိုင်နိုင်ငံမှာ ကွယ်လွန်ခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ ၃၆၁ ဦး သေဆုံးပြီး ၁၇,၂၀၅ ဦး ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း တရုတ်အစိုးရက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ကြေညာထားပါတယ်။ 

ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၉ ဦးရှိရာ ၈ ဦးမှာ ပြန်လည်ကောင်းမွန်လာအတွက် ဆေးရုံက ဆင်းခွင့်ရရှိသွားပြီဖြစ်ပြီး ၁၁ ဦးကတော့ဆက်လက် ကုသခံနေရဆဲဖြစ်ပါတယ်။ 

MDN
ကိုးကား -AFP