၃ ဖေဖော်ဝါရီ

အိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပရန် ဂျပန်နိုင်ငံ တိုကျိုမြို့တော် ကိုတိုမြို့ရှိ  အာရိအာကီအရီနာ အားကစားရုံအသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

 

t2

 

၂၀၂၀ တိုကျို အားကစားပြိုင်ပွဲအတွက် ဘော်လီဘောနှင့် ဝှီးချဲဘတ်စကတ်ဘောပြိုင်ပွဲ ကျင်းပရာနေရာကို ဒီဇင်ဘာလက အပြီးသတ် လုပ်ဆောင်ခဲ့သည်။

တိုကျိုမြို့တော်အစိုးရက  ထိုင်ခုံအလုံး ၁၅၀၀၀ ပါရှိသည့်  ထိုအားကစားရုံ တည်ဆောက်ရန် ဒေါ်လာ သန်း ၃၄၀ ခန့် သုံးစွဲခဲ့သည်။

 

t3

 

ထိပ်တန်းအားကစားသမားများအကြား ပြိုင်ဆိုင်မှုပြင်းထန်ခြင်းသည် လူများစွာကို အားတက်စေမည်ဖြစ်ပြီး အားကစားပွဲများနှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားပျော်ရွှင်မှု ဖြစ်ပေါ်စေမည် ဖြစ်သည်ဟု သူမအနေဖြင့် ယုံကြည်ကြောင်း တိုကျိုအုပ်ချုပ်ရေးမှူး ယုရိကိုကိုအီကီ က ပြောကြားခဲ့သည်။

 

t4

 

ဘော်လီဘောနှင့် ဝှီးချဲဘတ်စကတ်ဘောပြိုင်ပွဲဝင် ကစားသမားများ၏ စွမ်းရည်ပြသမှုများကို လူ ၄၅၀၀ ခန့် ကြည့်ရှုအားပေးခဲ့ကြသည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို