ရန်ကုန် ၆ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် မှော်စက်ရပ်ကွက် မင်းရဲကျော်စွာလမ်းနေ ဒေါ်သန်းမြင့် နေအိမ်၌ ယနေ့နံနက် ၇ နာရီ ၅ မိနစ် အချိန်တွင် နေအိမ်ရှိ လျှပ်စစ်မီတာပုံးမှ အပူရှိန်လွန်ကဲမှုကြောင့် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဒေါ်သန်းမြင့်၏ နေအိမ် ၁၀× ၁၀ ပေ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ဦးတင်မောင်ဝင်း၏ ၁၀× ၁၀ ပေသွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ ဦးလှမြင့်ဦး၏ နေအိမ် ၁၀× ၃၀ ပေရှိ သွပ်မိုး ၊ပျဉ်ကာ၊ပျဉ်ခင်းနေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ ဒေါ်သန်းမြင့် အား ဒလမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)


