၆ ဖေဖော်ဝါရီ

 

တရုတ်နိုင်ငံကို တင်ပို့လာမယ့် အမေရိကန်ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံဖိုးအပေါ် အခွန်ငွေကို ထက်ဝက်အထိ လျှော့ချပေးမယ်လို့ ဒီနေ့ (ကြာသပတေးနေ့)မှာ ပြောကြားပါတယ်။

 

အခွန်လျှော့ချမှုဟာ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ ကနဦး သဘောတူညီချက် လက်မှတ်ရေးထိုးအပြီး တစ်လအကြာမှာ ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြဋ္ဌာန်းခဲ့တဲ့ ပစ္စည်းအမျိုးအစားပေါင်း ၁၇၀၀ ကျော်မှာရှိတဲ့ အခွန် ၁၀ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်းအထိ လျှော့ပေးမှာဖြစ်ပြီး တခြားပစ္စည်းတွေကို ၅ ရာခိုင်နှုန်းကနေ ၂.၅ ရာခိုင်နှုန်း အထိ လျှော့ပေးမယ်လို့ သိရပါတယ်။ အဲဒီလျှော့ချမှုဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။ အမေရိကန်တင်ပို့ကုန် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံဖိုးအတွက် အခွန်လျှော့ချဖို့ကျန် ရှိနေသေးတာကို တွေ့ရပါတယ်။

 

ဖေဖော်ဝါရီ ၁၄ ရက်နေ့ တရုတ်ပို့ကုန် ၁၂၀ ဘီလီယံ ဖိုးအတွက်လည်း အမေရိကန်က အခွန် ၇.၅ ရာခိုင်နှုန်း လျှော့ချပေးမှာ ဖြစ်ပါတယ်။

 

ကနဦးသဘောတူညီချက်အရ အမေရိကန်ကနေ ဘေကျင်းက ဝယ်မယ့် ကုန်ပစ္စည်းတွေဟာ ဗိုင်းရပ်စ်ပိုးကြောင့် နှောင့်နှေးနိုင်ကြောင်း အမေရိကန်ကုန်သွယ်ရေးတာဝန်ရှိသူက အင်္ဂါနေ့မှာ ပြောပါတယ်။ အမေရိကန်ဘက်ကတော့ ဗိုင်းရပ်စ်ပိုးကြောင့် အမေရိကန်ရဲ့ စီးပွားရေးအပေါ် ထိခိုက်မှု အနည်းအငယ်ရှိဖို့သာ မျှော်လင့်ထားပါတယ်။

 

MDN

ကိုးကား -AFP