၇ ဖေဖော်ဝါရီ

ပီရူးနိုင်ငံ လီမာမြို့တော်တွင် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်က ဓာတ်ငွေ့တင်ထရပ်ကားတစ်စီး ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၅ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါ ဓာတ်ငွေ့တင်ထရပ်ကား ပေါက်ကွဲကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အနီးနားရှိ အဆောက်အဦများကို မီးလောင်ကျွမ်းခဲ့ပြီး ပြင်းထန်စွာရရှိခဲ့သော မီးလောင်ဒဏ်ရာများဖြင့် ယင်းဒေသန္တရ ဆေးရုံများတွင် ကုသမှုခံယူနေသူ နှစ်ဦးမှာ သေဆုံးသွားခဲ့သဖြင့် သေဆုံးသူဦးရေ များပြားလာခဲ့သည်။

‌ေ

 

ထိုမီးလောင်ဒဏ်ရာရရှိသူ ၁၅ ဦးခန့်သည် ဆေးရုံတွင် ကုသမှုခံယူနေရဆဲ ဖြစ်သည်။

ဗီလာ အယ်လ်ဆာဗေးဒေါခရိုင်တွင် ဇန်နဝါရီ ၂၃ ရက်နေ့က ဓာတ်ငွေ့တင်ထရပ်ကား တစ်စီး ယာဉ်မတော်တဆတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဓာတ်ငွေ့ယိုစိမ့်ကာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနီးနားရှိ နေအိမ် ၂၀ လုံးခန့် ပျက်စီးသွားခဲ့သည်။

ပီရူးနိုင်ငံ အိမ်ရာစီမံရေးဝန်ကြီးဌာနက ပျက်စီးသွားသော နေအိမ် ခြောက်လုံးကို ဖြိုချပြီး ပြန်လည်တည်ဆောက်ရန် နှင့် နေအိမ် ၁၄ လုံးကို ပြန်လည်ပြင်ဆင်ရန် ကတိပြုထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို